သမီးလေး၏ Stem Cell ကို သိုလှောင်ထားခဲ့သည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်


သရုပ်ဆောင်ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးလေးကို ၁၄-၁၀-၂၀၁၁ ရက် နံနက် ၆ နာရီ ၈ မိနစ်မှာ ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံကြီးတွင် မွေးဖွားခဲ့ကြောင်း သိရသည်။ သမီးလေးကို သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ဒေါက်တာ မေသူမျိုးညွန့်၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်တင်မေဦးနှင့် ကလေးအထူးကု ပါမောက္ခဒေါက်တာ ဒေါ်အေးအေးသိန်းတို့က မွေးဖွားသန့်စင်ပေးခဲ့ကြောင်း သိရသည်။ သမီးလေးမှာ ၇ ပေါင် ၅ အောင်စရှိပြီး ထူးခြားမှုမှာ သမီးလေးမွေးဖွားစဉ် သွေးထောက်ပံ့မှုပေးသော အချင်းမှသွေးကိုထုတ်ယူပြီး ပင်မကလာပ်စည်း Stem Cell ကို သိမ်းဆည်းသိုလှောင်ထားကြောင်း သိရသည်။ အဆိုပါ Stem Cel သိုလှောင်ထားမှုနှင့် ပတ်သက်၍ ကိုပြေတီဦးက "Stem Cell ဆိုတာက သမီးလေးကို မွေးဖွားတဲ့အချိန်မှာ အချင်းမှသွေးကို ထုတ်ယူပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ဆေးရုံကြီးမှာ နှစ် ၂၀ ကျော် သိုလှောင်ထားပေးမှာဖြစ်ပါတယ်။ ဒီလိုသိုလှောင်ထားတာက ကလေးမှာ ရောဂါတစ်ခုခုဖြစ်ခဲ့ရင် ဒီအရာနဲ့ပြန်ပြီး ကုလို့ရပါတယ်။ ဥပမာ သွေးနဲ့ ပတ်သက်တဲ့ရောဂါ၊ သွေးဖြူဥနည်းတာ၊ ကင်ဆာရောဂါစတာတွေကိုလည်း ဒီသွေးနဲ့ ပြန်ကုလို့ရပါတယ်။ ဒါကြောင့် Stem Cell ကို လိုအပ်ခဲ့ရင် သုံးလို့ရအောင် သိမ်းထားတဲ့သဘောပါ။ တချို့ကလေးတွေက မွေးလာတဲ့အချိန်မှာ ဦးနှောက်ကိုထိပြီး မသန်မစွမ်းချည့်နဲ့သွားတာမျိုး ရှိပါတယ်။ အဲဒီလို ကလေးငယ်ကို Stem Cell နဲ့ ကုတဲ့အခါ လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်နိုင်တဲ့ အနေအထားအထိ တိုးတက်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ကလည်း သမီးလေးရဲ့ ကျန်းမာရေးအတွက် Stem Cell ကို သိမ်းထားရခြင်းဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပြီး သမီးလေးနှင့် ပတ်သက်၍ "သမီးလေးက နောက်ဆိုရင် ၇န်တွေ့မှာ နှုတ်ခမ်းကိုထော်နေတာပဲ။ အူဝဲနှုတ်ခမ်းဖြုတ်တပ်ထားသလိုပဲ၊ ခွဲခန်းဝင်တဲ့အခါမှာ ကျွန်တော် တော်တော် စိတ်လှုပ်ရှားခဲ့ပါတယ်။ အူဝဲကတော့ ခွဲခန်းဝင်တဲ့အထိ ပြုံးပြုံးရွှင်ရွှင်ပဲ။ ကိုယ်ကတော့ စိတ်ပူတာရယ်၊ သူ့ကိုသနားတာလည်း ပါတယ်။ မိခင်တွေကတော့ ဒီအချိန်မှာ သနားဖို့ကောင်းပါတယ်။ ယောင်္ကျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ စကားအတိုင်းပဲ။ ကျွန်တော်လည်း ခွဲခန်းထဲမဝင်ခင်ကတည်းက ဘုရားရှိခိုးတာ၊ ဘုရားစာရွတ်တာတွေကို ဆောင်ရွက်ဖြစ်တယ်။ သမီးလေးက မွေးလာကတည်းက ကျန်းကျန်းမာမာပါပဲ၊ မိခင်ဝမ်းထဲက ထွက်လာပြီးကတည်းက နို့တောက်လျှောက်စို့တယ်။ ကျွန်တော်လည်း ကားရိုက်ခဏနားပြီး ဇနီးနဲ့သမီးနားမှာ နေရဦးမှာပေါ့။ သမီးလေးက အသံကလည်း ဘာကောင်းသလဲမမေးနဲ့၊ လက်ရှိအချိန်မှာတော့ သမီးလေးအတွက် ကျန်းမာစွာနဲ့ ကြီးပြင်ဖို့ကိုပဲ ခေါင်းထဲမှာ စဉ်းစားထားပါတယ်" ဟု ပြောကြားခဲ့သည်။

Tags: ..Other
Source: The article first appeared on ပြည်မြန်မာသတင်းဂျာနယ် - အမှတ် (၇၉၀)
Submitted by:
poepoe
3 fans
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
312 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service