တရုတ်စစ်အင်အား အာရှကို မခြိမ်းခြောက်ဟုဆို


တရုတ်နိုင်ငံရဲ့ စစ်အင်အားဟာ တဖြည်းဖြည်း အင်အားတောင့်တင်းလာပေမဲ့ အာရှရဲ့ ငြိမ်းချမ်းရေး ကို ထိပါးမှာ မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ စစ်ရေးအင်အားကို အိမ်နီးချင်းနိုင်ငံတွေကို ရန်စကျူးကျော်ဖို့အတွက် အသုံးပြုမှာ မဟုတ်ဘူလို့လည်း တရုတ်ကာ ကွယ်ရေးဝန်ကြီးက စင်ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ တရုတ်နိုင်ငံရဲ့ စစ်အင်အားကလဲ ကြီး ထွားလာနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ စစ်ရေးခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာကို လူအတော်များများက စိုးရိမ်နေကြတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံအနေနဲပ စစ်ရေး အရ နယ်ပယ်ချဲ့ထွင်ဖို့ ဘယ်တော့မှ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီး Liang Guanglie က ပြောကြားခဲ့ပါတယ်။

တရုတ်ကာကွယ်ရေး ဝန်ကြီးဟာ စင်ကာပူမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီးရောဘတ် ဂိတ်နဲ့ တွေ့ဆုံပြီး တရုတ်-အမေရိကန်နှစ်နိုင်ငံ စစ်ရေး အဆက်အသွယ်တွေကို တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံတို့ရဲ့ စစ်ရေးဆက်ဆံမှုတွေဟာ အနာဂတ်မှာ အလားအလာပိုကောင်း လာဖွယ်ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ လကလည်း ဝါရှင်တန်မှာ အမေရိကန်ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေးကို နှစ်ဦးနှစ်ဖက် အဆင် ပြေ တိုးတက်ဖို့ မျှော်လင့်ထားပါတယ်။ အနာဂတ်မှာလဲ စစ်ရေးဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ် တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်နေရုံသာမက နျူကလီယားဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားအရာရှိတွေကိုလည်း ဆွေးနွေးတိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်တိုက်နိုင်ဖို့ မြောက်ကိုရီးယား အရာရှိတွေကို တိုက် တွန်းသွားမှာပါ လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ တရုတ်နိုင်ငံဟာ ဂျီမေးလ်အကောင့်တွေကို နောက်ယောင်ခံစောင့်ကြည့်နေ တယ်လို့ ဂူဂဲလ်ကုမ္ပဏီရဲ့ စွပ်စွဲခြင်းခံထားရပေမဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးကတော့ သည်စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

တရုတ်အစိုးရ အနေနဲ့လည်း ဆိုက်ဘာတိုက်ခိုက်မှုတွေကို အာရုံစိုက်စောင့်ကြည့်နေရပြီး ဆိုက်ဘာတိုက်ခိုက်မှုဟာ ဘယ်ကလုပ်ဆောင်နေတယ်ဆိုတာပြောရခက်လှတယ်လို့လည်း ကာကွယ်ရေးဝန် ကြီးက ဖြေရှင်းသွားခဲ့ပါတယ်။

Tags: Politics
Source: The article first appeared on N/A - အတွဲ ၁၊ အမှတ် ၁၅
Submitted by:
poepoe
3 fans
Suggestions:
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
312 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service